Showing posts with label ဆောင်းပါး. Show all posts

မိဘမေတ္တာ

Thursday, January 17, 2013
Posted by Taikkyi Thar
Bus ကားပေါ်က ဆင်းပြီးတဲ့အချိန်မှာ သူ့ရဲ့ပိုက်ဆံအိတ် အခိုးခံလိုက်ရပြီဆိုတာ သူသိလိုက်တယ် ..

အိတ်ထဲမှာ အရေးကြီးတာတွေတော့မပါပါဘူး … ပိုက်ဆံတစ်သောင်းခွဲလောက်ရယ် … သူ့အမေဆီ ပို့ဖို့စာတစ်စောင်ပါတဲ့ စာအိတ်တစ်အိတ်ရယ်ပဲပါတယ် …

စာထဲမှာတော့ “ကျွန်တော်အလုပ်ဖြုတ်ခံလိုက်ရပြီ … ဒါကြောင့်ဒီတစ်လ အမေ့ဆီပိုက်ဆံပို့နိုင်မှာမဟုတ်ဘူး” ဆိုတာပဲရေးထားတာပါ …

သူ့အိတ်ထဲမှာ အဲ့ဒီစာ ရှိနေတာ တစ်ပတ်လောက်ရှိပြီ … သူ့အမေစိတ်မကောင်းဖြစ်မှာသိလို့ မပို့ဖြစ်ဘဲ သောင်တင်နေတာပါ …

တစ်သောင်းခွဲဆိုတာတော့ များပြားလှတဲ့ငွေပမာဏမဟုတ်ပေမယ့် ဒီလိုအလုပ်မရှိတဲ့အချိန်မှာ မိသားစုကို ပြန်ကြည့်နေရတဲ့ သူ့အဖို့တော့ တစ်သောင်းခွဲဟာ တစ်သိန်းခွဲလိုပါပဲ …

ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာ သူ့အမေဆီက စာတစ်စောင်ရောက်လာခဲ့တယ် ..

သူပိုက်ဆံမပို့လို့ သူ့အမေများငွေလိုနေပြီလားဆိုပြီး စိုးရိမ်သွားခဲ့ပေမယ့် စာကိုဖတ်လိုက်ရတဲ့အချိန်မှာတော့ သူထိတ်လန့်သွားခဲ့တယ် ..

စာထဲမှာ “ကျေးဇူးပါပဲသားရယ် .. သားပို့လိုက်တဲ့ ငွေငါးသောင်းအမေရတယ်” လို့ရေးထားတာပါ။

သူ့အမေဆီဘယ်သူပိုက်ဆံပို့လိုက်လဲဆိုတာ သူစဉ်းစားမရဖြစ်နေခဲ့တယ် ..

ရက်အချို့ကုန်လွန်သွားပြီးတဲ့အခါ သူ့အမေဆီက နောက်ထပ်စာတစ်စောင်ရောက်လာတယ် ..

“သားရေ … အရမ်းသေးလွန်းတဲ့လက်ရေးနဲ့စာတစ်စောင် အမေ့ဆီရောက်လာတယ်၊ ဒါပေမယ့် အမေ့မျက်မှန်ကကျိုးနေတော့ မဖတ်နိုင်တာနဲ့ သားဆီကိုပြန်ပို့လိုက်တယ်”

သူဟာ စာကိုဖွင့်လိုက်တယ်၊ စာထဲမှာရေးထားတာက …

“ငါမင်းပိုက်ဆံ တစ်သောင်းခွဲကို သုံးသောင်းခွဲထပ်ပေါင်းပြီး မင်းအမေဆီကို ပိုက်ဆံငါးသောင်းပို့ပေးလိုက်တယ် … တကယ်တော့ အမေအားလုံးဟာ အမေပါပဲ … သူမ ဆာလောင်မွတ်သိပ်နေစရာအကြောင်းမရှိဘူးလို့ငါထင်တယ် … ငါ့အမေသာရှိနေသေးရင် ငါလည်း ငါ့အမေကို ဒီလိုဖြစ်စေချင်မှာ မဟုတ်ဘူး ... ဘာပဲဖြစ်ဖြစ် မင်းတတ်နိုင်သမျှ အလုပ်မြန်မြန် ရအောင်ရှာပြီး မင်းအမေကိုစောင့်ရှောက်ပါ …
(မင်းပိုက်ဆံအိတ်ကို ခိုးသွားတဲ့သူ)”

+++++++++++++++++++++++++++++++++++++++

♥ ကောင်းတဲ့အလုပ်နဲ့ အသက်မွေးတဲ့လူဖြစ်ဖြစ်၊ မကောင်းတဲ့အလုပ်နဲ့ အသက်မွေးတဲ့လူဖြစ်ဖြစ် အမေတစ်ယောက်အပေါ်မှာထားတဲ့ ခံစားချက်ကတော့ လူသားတိုင်း အမြဲ အတူတူပါပဲ … ♥

From Facebook
အဖေ့သမီးအတွက်
သမီးအတွက်..ဖခင်ရဲ့ ဥပမာကောင်းလေးတစ်ခု.............

ဖခင်ဖြစ်သူက သမီးဖြစ်သူကို ခေါ်ပြီးပြောတာကနေ စကြရအောင်…. ဖခင်။
အဖေသမီးကိုတစ်ခုပြမယ်.အရေးကြီးတယ်နော်.. ပြီးတော့ ဖခင်ဖြစ်သူက တစ်စုံတစ်ခုကို အင်္ကျီအိပ်ထဲကနှိက်ပြီး လက်ထဲဆုပ်ကိုင်ထားလိုက်ပါတယ်။

ဘာလဲဆိုတာသိချင်လားလို့သမီးဖြစ်သူကိုမေးတယ်။

သမီးဖြစ်သူက ခေါင်းညှိက်တဲ့အခါမှာတော့ ဒါဆို သမီး ထိုင်ထ ၁ခေါက်လုပ်.. သမီးဖြစ်သူက ထိုင်ထ လုပ်လဲပြီးရော ဖခင်ဖြစ်သူက ၃ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။

သမီးဖြစ်သူလုပ်လဲပြီးရော ၅ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။
သမီးဖြစ်သူကလဲ ၅ခေါက်လုပ်ပြန်ပါတယ်။ ပြီးတော့ ဖခင်ဖြစ်သူက ၁၀ ခေါက်အထိ ဆိုလာပြန်တယ်။
ထိုအခါ သမီးဖြစ်သူက ၁၀ခေါက်လုပ်ပြီးတော့..အဖေရယ် သမီးကို ဘာလဲဆိုတာသိအောင်ပြပါတော့လို့ဆိုတယ်။ အဲ့ဒီတော့မှ ဖခင်ဖြစ်သူက လက်ထဲမှာဆုပ်ကိုင်ထားတာလေးကိုဖွင့်ပြလိုက်တော့ အကြွေတစ်မတ်စေ့ ဖြစ်နေတယ်။

အဲ့ဒီအကြွေစေ့လေးကိုပဲ လက်ထဲမှာနောက်တစ်ခေါက်ပြန်ဆုပ်ကိုင်လိုက်ပြီးတော့ သမီးဖြစ်သူကို ထိုင်ထ ၁၀ ခေါက်လုပ်ရင်ပြမယ်လို့ပြောတယ်။ သမီးဖြစ်သူက မတွေ့ချင်ပါဘူး.. သမီးတွေ့ပြီးပြီပဲဟာ..လို့ပြန်ပြောလိုက်တယ်။

ထိုအခါ ဖခင်ဖြစ်သူက ၁ ခေါက်ပဲလုပ်ပါသမီးရယ်..အဖေပြပါ့မယ်လို့ဆိုသတဲ့။ ၁ခေါက်လဲမလုပ်နိုင်ဘူး..တွေ့ပြီးမြင်ပြီးသားပဲဟာလို့ သမီးကပြန်ပြောသတဲ့။
ဒါဆို အလကားပဲပြမယ်သမီးရယ်..ကြည့်မလားလို့ဖခင်ကပြန်မေးတယ်။

အလကားလဲ မတွေ့ချင်ပါဘူး..တွေ့ပြီးမြင်ပြီးသွားရင်ဘာတန်ဖိုးရှိတော့တာမှတ်လို့… ဆိုပြီးသမီးဖြစ်သူကပြန်ပြောတယ်။

အဲ့ဒီတော့မှဖခင်ဖြစ်သူက.. ဒီဥပမာလေးလိုပဲသမီးရယ်.မတွေ့ခင်မမြင်ခင်က တန်ဖိုးကြီးမားပြီးလိုသလို ခိုင်းလို့ရတဲ့ ဒီမတ်စေ့လေးဟာ တွေ့မြင်သွားပြီးတဲ့နောက်မှာ တန်ဖိုးမရှိတော့ဘူးမဟုတ်လား…

" ဒီလိုပဲသမီးရေ..ထိန်းသိမ်းစောင့်ရှောက်ထားသင့်တဲ့အရာတွေကိုလဲ အချိန်မတန်ခင်မှာ တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကို ပေးမမြင် ပေးမတွေ့သင့်ဘူး.."

သမီးတို့ရဲ့ အပျိုစင်ဘ၀ကိုလဲဒီမတ်စေ့လေးလိုပဲ အချိန်မတန်ခင် တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကိုပေးမမြင် ပေးမတွေ့သင့်ဘူး။ ကဲ.ဒါဆို..သူငယ်ချင်းတို့ရဲ့မတ်စေ့လေးကရော တန်ဖိုးရှိသေးရဲ့လား*

တန်းဖိုးသိမှ တန်ဖိုးရှိတယ်...

တန်ဖိုးရှိမှ တန်ဖိုးထားတတ်မယ်...

တန်ဖိုးရှိတဲ့ လူတော် လူကောင်း သူတော်ကောင်းတွေ ဖြစ်ကြပါစေ....

မူရင်းဆောင်းပါး---Chitthuco Coco
 
ကမ္ဘာ့ အမြန်ဆုံး အင်တာနက်လိုင်းရရှိသူကတော့ Sigbritt Löthberg အမည်ရ အသက် ၇၅ နှစ်အရွယ် ဆွီဒင် အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။

သူ့အိမ်မှာ တပ်ဆင်ထားတဲ့ အင်တာနက် လိုင်းက တစ်စက္ကန့်ကို 40Gbs အထိ လိုင်းစွဲအားများပါတယ်။ ဒါကြောင့် Full HD ဗားရှင်း ဗီဒီယို ဖိုင်တစ်ဖိုင် ကို Download ဆွဲဖို့ ၂ စက္ကန့် သာ ကြာပါတယ်။ HDTV channel အခု ၁၅၀၀ ကိုလည်း တစ်ပြိုင်နက်တည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ သာမန် လူတစ်ယောက် ရရှိတဲ့ အင်တာနက် လိုင်းစွဲအားထက် အဆပေါင်း များစွာ သာလွန်နေတာ ဖြစ်ပါတယ်။

Welcome to My Blog

Popular Post

Blogger templates

<<< မင်္ဂလာပါ သူငယ်ချင်းတို့>>>

ကျနော်တို့ရဲ့ We Are Friendship ဆိုဒ်လေးကို
Facebook ပေါ်မှအရင်းနီးဆုံးသော
ပြောမနာဆိုမနာသူငယ်ချင်းများစုစည်း၍
တည်ထောင်လိုက်လိုက်ပါတယ်
ဒီဘလော့ဆိုဒ်လေးအတွင်းမှာ
စုံစုံလင်လင်ဖေါ်ပြနိုင်ရေးအတွက်လည်း
ကျနော်တို့အားလုံးကြိုးစားနေကြပါတယ်
ကျနော်တို့ရဲ့ Facebook စာမျက်နှာသို့
သွားရောက်လည်ပတ်လို့ပါက
We Are Friendship ဆိုတာလေးကို ကလစ်လိုက်ပါ
ကျနော်တို့ဘလော့ဆိုဒ်လေးမှ
ကဗျာများကိုဖတ်ရင်း
ပျော်ရွှင်နိုင်ကြပါစေ
"We Are Friendship"
We Are Friendship

- Copyright © We Are Friendship -Robotic Notes- Powered by Blogger - Designed by Johanes Djogan -