ပြောမယ့်သာပြောတာ တကယ်တော့ ကျနော် က စာရေးရမှာ ပျင်းတယ်ဗျ ...
ဒါပေမယ့်လည်း ကျနော့် သူငယ်ချင်းတွေအတွက် ပျော်စရာနည်းပညာလေးတစ်ခု တင်ဆက်ချင်လို့ ရေးလိုက်ပါတယ်။များသောအားဖြင့် သိပြီးသားဖြစ်ကြမှာပါ။
အဲ့ဒါက ဘာလဲဆိုတော့ ကွန်ပျူတာကို Shutdown ချတဲ့ Shortcut လေးတစ်ခုပြုလုပ်ပြီး IE Browser Icon လေး
အစားထိုးနောက်ပြောင်တဲ့နည်းလေးပါ။ကွန်ပျူတာနဲ့ မရင်းနီးတဲ့သူတွေပါ လိုက်လုပ်ရလွယ်အောင် ကျနော် အသေးစိတ် တစ်ဆင့်ချင်း ရေးသွားပါ့မယ်။(ဆရာကြီးတွေကတော့ မသိချင်ယောင်သာ ဆောင်နေပေးပါဗျာ :P )
အရင်ဆုံး Desktop ပေါ်မှာ Right Click ထောက်ပြီး New မှာ Shortcut ကိုရွေးလိုက်ပါ။
ပြီးရင် အောက်က ကျနော် ပေးထားတဲ့ Code တွေထဲက ကြိုက်နှစ်သက်ရာ တစ်ခုခုကို ယူပြီး Box လေးထဲမှာ ဖြည့်ပြီးလိုက်ပါ။
Shutdown ကျစေချင်ရင် Shutdown -s -f -t 60 -c "ကြိုက်နှစ်သက်ရာစာကိုအစားထိုးရေးနိုင်ပါသည်"
Restart လုပ်စေချင်ရင် Restart -s -f -t 60 -c "ကြိုက်နှစ်သက်ရာစာကိုအစားထိုးရေးနိုင်ပါသည်"
(အဲ့မှာ 60 ဆိုတာ စက္ကန့်ပါ။ကိုယ်ပေးချင်တဲ့အချိန်ကို ပြောင်းရေးနိုင်ပါတယ်။ 30 ၊ 20 ၊ အဲ့လိုပေါ့ဗျာ။ 60 နေရာမှာ 0000 ကို အစားထိုးပေးလိုက်ရင်တော့ သူဟာ အချိန်မပါဘဲ သူ့ကို ကလစ်လိုက်တာနဲ့ ကွန်ပျူတာ ချက်ချင်းကျသွားမှာ ဖြစ်ပါတယ်)
ပြီးသွားပြီ ဆိုရင်တော့ Next ဆိုတာလေးကို နှိပ်ပြီး Finish ကို နှိပ်ပေးလိုက်ပါ။အဲ့ဒါဆိုရင် Shortcut လေး ရပါပြီ။နောက်တစ်ဆင့်ကတော့ အခု ကျနော်တို့ ပြုလုပ်လိုက်တဲ့ Shortcut လေးကို ကိုယ်နောက်ပြောင်ချင်တဲ့သူ အထင်မှား အမှတ်မှားဖြစ်သွားအောင် Icon လေး ပြောင်းရပါဦးမယ်။
Icon ပြောင်းဖို့အတွက်ကတော့ စောစောက Shoutcut လေးပေါ်မှာ Right Click ထောက်ပြီး
Properites ဆိုတာလေးကို သွားလိုက်ပါ။ပြီးရင် Change Icon ဆိုတာလေးကို Click ပြီး ကြိုက်နှစ်သက်ရာ Icon လေးကို ပြောင်းလိုက်ပါ။IE Browser ဘဲဖြစ်ဖြစ် Folder လေးဘဲဖြစ်ဖြစ်ပြောင်းလိုက်ပါ။
ပြောင်းပြီးသွားရင်တော့ Shortcut လေးမှာ ပေးထားတဲ့ Shutdown (or ) Restart ဆိုတဲ့ နာမည်လေးကို သူ့သက်ဆိုင်ရာ နာမည်လေး ပြန်ပြောင်းပေးလိုက်ပါ။ဥပမာ ကိုယ်က Internet Explorer Icon လေးကို သုံးထားတယ်ဆိုရင် အဲ့ဒီ နာမည်လေး ပြောင်းပေးပါ။ကိုယ်က Floder လေး သုံးထားတယ်ဆိုရင်လည်း သူစိတ်ဝင်စားမယ့် နာမည်လေး ပြောင်းပေးပါ။အဲ့ဒါဆိုရင်တော့ အောင်မြင်စွာပြီးဆုံးသွားပါပြီ။
ပျော်ရွှင်နိုင်ကြပါစေခဗျာ .... ။ :)
Related Posts :
- Back to Home »
- နည်းပညာ »
- Shutdown Icon လေးလုပ်ပြီး သူငယ်ချင်းတွေကို နောက်မယ်