Posted by : Dr.Bl4ck0xid3
Friday, January 4, 2013
အလင်းရောင်
ရောက်ရှိလာခဲ့ဖူးတယ်
ပိုင်ဆိုင်ခဲ့တဲ့အလင်းက
ကိုယ်ပိုင်အလင်းမဟုတ်ခဲ့တဲ့
လမင်းလို အလင်းမျိုး
လမင်းလိုအေးချမ်းမှုမပေးခဲ့ပေမဲ့
နေမင်းလို ပူလောင်မူမျိုးတော့
ရခဲ့ဖူးပါတယ်။
မျှော်လင့်ချက်ဆိုတာလည်း
မိုးပြေးလို့ခပ်ဖွဲဖွဲလေး ရွာသွန်းဖူးပါတယ်
လေပြေလေးတိုက်တာနဲ့
လေနဲ့အတူပါသွားတာတော့
အပြစ်မတင်ရက်ဖူးပေါ့။
ချည်နှောင်မထားတတ်လို့
အပြစ်တင်မယ်ဆိုလည်း
ခံရမှာပေါ့ ။
ချည်နှောင်ခြင်းဆိုတဲ့ ဝေါဟာရကို
ကျမမှ မသင်ကြားခဲ့ရတာ။
ကျမသင်ခဲ့ရတာက
အလွမ်း အမုန်းနဲ့ မေ့မရတဲ့အပြုံးတွေပါ ♥မောင်♥။
♥T9♥