Posted by : angelhtat Sunday, January 6, 2013

ဖြူစင်သန့်ရှင်း သူငယ်ချင်း
၁၅၀၀မကျ ၅၂၈မက
ချစ်ခြင်းမေတ္တာတွေနဲ့
ငယ်စဉ်ကလေးဘ၀ကနေ
သွားလာအတူ စားအတူနဲ့
ကမ္ဘာငယ်အတွင်း တို့တွေကြီးပြင်းခဲ့ကြတယ်

နာရီလက်တံ စက္ကန့်မလပ်
တချက်ချက်ရွေ့လျား မိနစ်နာရီကို
အချိန်များလည်း ရက်သို့ကူးပြောင်း
ကုန်ဆုံးလပေါင်း မနည်းတော့ပြီ

ကြီးပြင်းသက်ရွယ်မငယ်တော့ပြီမို့
တစ်နေ့တစ်ရက် အသက်ဆက်ဖို့
သမုဒ္ဒရာ ၀မ်းတစ်ထွာအတွက်
ဖွေရှာသက်သွင်း ရုန်းကန်းကြရင်း
ကမ္ဘာငယ်အတွင်း တို့ဝေးခဲ့ကြရတယ်

သူငယ်ချင်းရေ လက်ပြနှုတ်ဆက်ပြုံးနေရပေမဲ့
ဘ၀ပေးမလှ ငါ့ဘ၀ကြောင့်
ဝမ်းတွင်းကြေကွဲ ဆို့နင့်မှာသိလည်း
ငါနှုတ်ဆက်ခဲ့ရအုံးမယ်သူငယ်ချင်းတို့

အရှေ့သို့နေမ၀င်
အနောက်ကလည်းနေမထွက်သလို
ပြန်ဆုံမဲ့တစ်ရက်တော့ရှိခဲ့ရင်
ကမ္ဘာငယ်အတွင်းပြန်ဆုံချင်ပါသေးတယ်သူငယ်ချင်း~~~~
                                                                                                                              ပိုင်ရိုဆက်

Leave a Reply

Subscribe to Posts | Subscribe to Comments

Welcome to My Blog

Popular Post

Blogger templates

<<< မင်္ဂလာပါ သူငယ်ချင်းတို့>>>

ကျနော်တို့ရဲ့ We Are Friendship ဆိုဒ်လေးကို
Facebook ပေါ်မှအရင်းနီးဆုံးသော
ပြောမနာဆိုမနာသူငယ်ချင်းများစုစည်း၍
တည်ထောင်လိုက်လိုက်ပါတယ်
ဒီဘလော့ဆိုဒ်လေးအတွင်းမှာ
စုံစုံလင်လင်ဖေါ်ပြနိုင်ရေးအတွက်လည်း
ကျနော်တို့အားလုံးကြိုးစားနေကြပါတယ်
ကျနော်တို့ရဲ့ Facebook စာမျက်နှာသို့
သွားရောက်လည်ပတ်လို့ပါက
We Are Friendship ဆိုတာလေးကို ကလစ်လိုက်ပါ
ကျနော်တို့ဘလော့ဆိုဒ်လေးမှ
ကဗျာများကိုဖတ်ရင်း
ပျော်ရွှင်နိုင်ကြပါစေ
"We Are Friendship"
We Are Friendship

- Copyright © We Are Friendship -Robotic Notes- Powered by Blogger - Designed by Johanes Djogan -