ဒီ Blue Screen Error ကို လူတော်တော်များများကြုံတွေ့ဖူးပါတယ်။သူက ဖြစ်လေ့ဖြစ်ထရှိတဲ့ Error တစ်မျိုးပါ။ဘာမှမဟုတ်ပါဘူး။ဖြေရှင်းရတာလွယ်ပါတယ်။
ကျနော်ပြောတဲ့အတိုင်း တစ်ဆင့်ခြင်းလုပ်သွားပါ။အစဉ်ပြေသွားပါလိမ့်မယ်။အော် ... ကျနော် က အခု အလုပ်ထဲက သုံးတာဆိုတော့ တချို့ Computer System နဲ့ Settings အပိုင်းတွေမှာ အခက်အခဲနည်းနည်းရှိပါတယ်။အခုသုံးနေတာက Windows XP ပါ။အရင်ကတော့ Window 7 ကို သုံးပါတယ်။ဒီမှာ ကျနော် Windows XP အတွက်ရော Windows 7 အတွက် ပါ ရေးပေးထားပါတယ်။
ဒါပေမယ့် ကျနော်အခုလက်ရှိအလုပ်လုပ်နေတဲ့ဆိုင်မှာက Windows XP တွေဘဲဆိုတော့  ပုံတွေကိုလည်း Windows XP အတွက်ဘဲ ရိုက်ပြီးတင်ပေးထားပါတယ်။Windows 7 အတွက်တော့ အခုလက်ရှိ ကျနော် Windows 7 မသုံးတော့ ရိုက်လို့မရဘူး။ဒါပေမယ့် လွယ်ပါတယ်။ကျနော်ပြောထားတဲ့အတိုင်းလေးသာ တစ်ဆင့်ချင်းသွားပါ။လွယ်ပါတယ်။

အဲ့ဆို ကျနော်တို့ Windows XP အတွက် အရင်စပြီး ဖြေရှင်းလိုက်ရအောင်။



Dasktop ပေါ်မှာရှိတဲ့ My Computer ကိုဘဲဖြစ်ဖြစ် Start Menu က  My Computer မှာဘဲဖြစ်ဖြစ်  right click ထောက်ပြီး Properties ကိုသွားပါ။





System Properties ဆိုတဲ့ window လေးတစ်ခု ကျလာပါလိမ့်မယ်။
အဲ့ဒီ System Prorpeties window လေးထဲမှာ  Advanced ဆိုတဲ့ tab ကို ရွေးပြီး Click လိုက်ပါ။






ထို့နောက် Startup and Recovery ဆိုတဲ့အကြောင်းလေးကို ရှာလိုက်ပါ။အောက်ဆုံးမှာရှိပါတယ်။
အဲ့စာကြောင်းလေးရဲ့ဘေးက  settings ဆိုတာလေးကို တွေ့ပါလိမ့်မယ်။အဲ့ဒီ Settings ကို Click လိုက်ပါ။
Startup and Recovery window ကျလာပါလိမ့်မယ်။

အဲ့မှာ uncheck the Automatically restart ဆိုတာလေးကို အမှန်ခြစ်ပေးပြီး  OK ကို  နှိပ်လိုက်ပါ။
             


ဒါကတော့  windows 7 အတွက်အတွက်ပါ ။စလုပ်ကြည့်ရအောင် ...
Start Menu ကနေ Control panel ကိုသွားပါ။ပြီးရင် System and Security ဆိုတာလေးထဲကို ဝင်လိုက်ပါ။
ထိုနောက် System ဆိုတာလေးရှိပါတယ်။အဲ့ထဲကို ထပ်ဝင်လိုက်ပါ။အဲ့မှာ Tab လေးမျိုးရှိတယ်။ :D ကျနော် အခုသုံးနေတာ windows XP ဆိုတော့ အဲ့ဒီ Tab လေးခုကို
သိပ်မမှတ်မိဘူးဖြစ်နေတဲ့ဗျ။အပေါ်ဆုံးက Device Manager ပြီးတော့ Remote settings နောက်တစ်ခုက System ဘာလဲမသိဘူး တစ်ခုရှိသေးတယ် ဟီးးး :D.ဒါပေမယ့် သူငယ်ချင်းတို့ဆက်သွားရမှာက အောက်ဆုံးကအကြောင်း ...  Advanced system settings ဆိုတဲ့အထဲကို ဆက်သွားရမှာ။ပြီးရင်တော့ windows XP နဲ့တူသွားပြီ။Advanced ဆိုတဲ့ Tab  ထဲကို ဝင်ပါ။ပြီရင်တော့ Strart and Recovery ဆိုတဲ့ စာကြောင်းလေး ဘေးမှာရှိတဲ့ settings ကို Click ပြီး Automatically restart ဆိုတဲ့စာကြောင်းရဲ့ ရှေ့ကအကွက်လေးမှာ အမှန်ခြစ်ထားတာလေးကို ဖြုတ်ပြီး OK ကိုနှိပ်လိုက်ပြီ။
ပြီးရင်တော့ Computer ကို Restart  ချလိုက်ပါ။အဲ့ဒါဆိုရင်တော့ Blue Screen Error ကို ဖြေရှင်းလို့ပြီးသွားပါပြီ။
Automatic Restart ဖြစ်နေရင်လည်း ဒီနည်းလေးအတိုင်းဖြေရှင်းလို့ရပါတယ်။
အဆင်ပြေရင်လက်ခုပ်သံလေးတွေကြားချင်ပါတယ် :D

ရှိတယ်တွေ

Thursday, January 31, 2013
Posted by Unknown
အငြိမ့် ရှိတယ်
ပွဲဈေးတန်း ရှိတယ်
ကောက်ညှင်းကျည်တောက် ရှိတယ်
ရေမုန်. ရှိတယ်
မုန်.လေပွေ ရှိတယ်
မိုးပျံရဟက်ကြီး ရှိတယ်
ဆေးမင်ကြောင်ထိုးသံ ရှိတယ်
ရွာဦးကျောင်းဆရာတော် ရှိတယ်
သူကြီး ရှိတယ်
ဆယ်အိမ်ခေါင်း ရှိတယ်
ကွမ်းထောင်ကိုင် မိအေး ရှိတယ်

A Longing River

Posted by Unknown
From.......
To jewels
Flowing down continuosly
Never run out of
Exists with the strenght of mass
Love

မိဘမေတ္တာ

Thursday, January 17, 2013
Posted by Taikkyi Thar
Bus ကားပေါ်က ဆင်းပြီးတဲ့အချိန်မှာ သူ့ရဲ့ပိုက်ဆံအိတ် အခိုးခံလိုက်ရပြီဆိုတာ သူသိလိုက်တယ် ..

အိတ်ထဲမှာ အရေးကြီးတာတွေတော့မပါပါဘူး … ပိုက်ဆံတစ်သောင်းခွဲလောက်ရယ် … သူ့အမေဆီ ပို့ဖို့စာတစ်စောင်ပါတဲ့ စာအိတ်တစ်အိတ်ရယ်ပဲပါတယ် …

စာထဲမှာတော့ “ကျွန်တော်အလုပ်ဖြုတ်ခံလိုက်ရပြီ … ဒါကြောင့်ဒီတစ်လ အမေ့ဆီပိုက်ဆံပို့နိုင်မှာမဟုတ်ဘူး” ဆိုတာပဲရေးထားတာပါ …

သူ့အိတ်ထဲမှာ အဲ့ဒီစာ ရှိနေတာ တစ်ပတ်လောက်ရှိပြီ … သူ့အမေစိတ်မကောင်းဖြစ်မှာသိလို့ မပို့ဖြစ်ဘဲ သောင်တင်နေတာပါ …

တစ်သောင်းခွဲဆိုတာတော့ များပြားလှတဲ့ငွေပမာဏမဟုတ်ပေမယ့် ဒီလိုအလုပ်မရှိတဲ့အချိန်မှာ မိသားစုကို ပြန်ကြည့်နေရတဲ့ သူ့အဖို့တော့ တစ်သောင်းခွဲဟာ တစ်သိန်းခွဲလိုပါပဲ …

ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာ သူ့အမေဆီက စာတစ်စောင်ရောက်လာခဲ့တယ် ..

သူပိုက်ဆံမပို့လို့ သူ့အမေများငွေလိုနေပြီလားဆိုပြီး စိုးရိမ်သွားခဲ့ပေမယ့် စာကိုဖတ်လိုက်ရတဲ့အချိန်မှာတော့ သူထိတ်လန့်သွားခဲ့တယ် ..

စာထဲမှာ “ကျေးဇူးပါပဲသားရယ် .. သားပို့လိုက်တဲ့ ငွေငါးသောင်းအမေရတယ်” လို့ရေးထားတာပါ။

သူ့အမေဆီဘယ်သူပိုက်ဆံပို့လိုက်လဲဆိုတာ သူစဉ်းစားမရဖြစ်နေခဲ့တယ် ..

ရက်အချို့ကုန်လွန်သွားပြီးတဲ့အခါ သူ့အမေဆီက နောက်ထပ်စာတစ်စောင်ရောက်လာတယ် ..

“သားရေ … အရမ်းသေးလွန်းတဲ့လက်ရေးနဲ့စာတစ်စောင် အမေ့ဆီရောက်လာတယ်၊ ဒါပေမယ့် အမေ့မျက်မှန်ကကျိုးနေတော့ မဖတ်နိုင်တာနဲ့ သားဆီကိုပြန်ပို့လိုက်တယ်”

သူဟာ စာကိုဖွင့်လိုက်တယ်၊ စာထဲမှာရေးထားတာက …

“ငါမင်းပိုက်ဆံ တစ်သောင်းခွဲကို သုံးသောင်းခွဲထပ်ပေါင်းပြီး မင်းအမေဆီကို ပိုက်ဆံငါးသောင်းပို့ပေးလိုက်တယ် … တကယ်တော့ အမေအားလုံးဟာ အမေပါပဲ … သူမ ဆာလောင်မွတ်သိပ်နေစရာအကြောင်းမရှိဘူးလို့ငါထင်တယ် … ငါ့အမေသာရှိနေသေးရင် ငါလည်း ငါ့အမေကို ဒီလိုဖြစ်စေချင်မှာ မဟုတ်ဘူး ... ဘာပဲဖြစ်ဖြစ် မင်းတတ်နိုင်သမျှ အလုပ်မြန်မြန် ရအောင်ရှာပြီး မင်းအမေကိုစောင့်ရှောက်ပါ …
(မင်းပိုက်ဆံအိတ်ကို ခိုးသွားတဲ့သူ)”

+++++++++++++++++++++++++++++++++++++++

♥ ကောင်းတဲ့အလုပ်နဲ့ အသက်မွေးတဲ့လူဖြစ်ဖြစ်၊ မကောင်းတဲ့အလုပ်နဲ့ အသက်မွေးတဲ့လူဖြစ်ဖြစ် အမေတစ်ယောက်အပေါ်မှာထားတဲ့ ခံစားချက်ကတော့ လူသားတိုင်း အမြဲ အတူတူပါပဲ … ♥

From Facebook
အဖေ့သမီးအတွက်
သမီးအတွက်..ဖခင်ရဲ့ ဥပမာကောင်းလေးတစ်ခု.............

ဖခင်ဖြစ်သူက သမီးဖြစ်သူကို ခေါ်ပြီးပြောတာကနေ စကြရအောင်…. ဖခင်။
အဖေသမီးကိုတစ်ခုပြမယ်.အရေးကြီးတယ်နော်.. ပြီးတော့ ဖခင်ဖြစ်သူက တစ်စုံတစ်ခုကို အင်္ကျီအိပ်ထဲကနှိက်ပြီး လက်ထဲဆုပ်ကိုင်ထားလိုက်ပါတယ်။

ဘာလဲဆိုတာသိချင်လားလို့သမီးဖြစ်သူကိုမေးတယ်။

သမီးဖြစ်သူက ခေါင်းညှိက်တဲ့အခါမှာတော့ ဒါဆို သမီး ထိုင်ထ ၁ခေါက်လုပ်.. သမီးဖြစ်သူက ထိုင်ထ လုပ်လဲပြီးရော ဖခင်ဖြစ်သူက ၃ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။

သမီးဖြစ်သူလုပ်လဲပြီးရော ၅ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။
သမီးဖြစ်သူကလဲ ၅ခေါက်လုပ်ပြန်ပါတယ်။ ပြီးတော့ ဖခင်ဖြစ်သူက ၁၀ ခေါက်အထိ ဆိုလာပြန်တယ်။
ထိုအခါ သမီးဖြစ်သူက ၁၀ခေါက်လုပ်ပြီးတော့..အဖေရယ် သမီးကို ဘာလဲဆိုတာသိအောင်ပြပါတော့လို့ဆိုတယ်။ အဲ့ဒီတော့မှ ဖခင်ဖြစ်သူက လက်ထဲမှာဆုပ်ကိုင်ထားတာလေးကိုဖွင့်ပြလိုက်တော့ အကြွေတစ်မတ်စေ့ ဖြစ်နေတယ်။

အဲ့ဒီအကြွေစေ့လေးကိုပဲ လက်ထဲမှာနောက်တစ်ခေါက်ပြန်ဆုပ်ကိုင်လိုက်ပြီးတော့ သမီးဖြစ်သူကို ထိုင်ထ ၁၀ ခေါက်လုပ်ရင်ပြမယ်လို့ပြောတယ်။ သမီးဖြစ်သူက မတွေ့ချင်ပါဘူး.. သမီးတွေ့ပြီးပြီပဲဟာ..လို့ပြန်ပြောလိုက်တယ်။

ထိုအခါ ဖခင်ဖြစ်သူက ၁ ခေါက်ပဲလုပ်ပါသမီးရယ်..အဖေပြပါ့မယ်လို့ဆိုသတဲ့။ ၁ခေါက်လဲမလုပ်နိုင်ဘူး..တွေ့ပြီးမြင်ပြီးသားပဲဟာလို့ သမီးကပြန်ပြောသတဲ့။
ဒါဆို အလကားပဲပြမယ်သမီးရယ်..ကြည့်မလားလို့ဖခင်ကပြန်မေးတယ်။

အလကားလဲ မတွေ့ချင်ပါဘူး..တွေ့ပြီးမြင်ပြီးသွားရင်ဘာတန်ဖိုးရှိတော့တာမှတ်လို့… ဆိုပြီးသမီးဖြစ်သူကပြန်ပြောတယ်။

အဲ့ဒီတော့မှဖခင်ဖြစ်သူက.. ဒီဥပမာလေးလိုပဲသမီးရယ်.မတွေ့ခင်မမြင်ခင်က တန်ဖိုးကြီးမားပြီးလိုသလို ခိုင်းလို့ရတဲ့ ဒီမတ်စေ့လေးဟာ တွေ့မြင်သွားပြီးတဲ့နောက်မှာ တန်ဖိုးမရှိတော့ဘူးမဟုတ်လား…

" ဒီလိုပဲသမီးရေ..ထိန်းသိမ်းစောင့်ရှောက်ထားသင့်တဲ့အရာတွေကိုလဲ အချိန်မတန်ခင်မှာ တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကို ပေးမမြင် ပေးမတွေ့သင့်ဘူး.."

သမီးတို့ရဲ့ အပျိုစင်ဘ၀ကိုလဲဒီမတ်စေ့လေးလိုပဲ အချိန်မတန်ခင် တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကိုပေးမမြင် ပေးမတွေ့သင့်ဘူး။ ကဲ.ဒါဆို..သူငယ်ချင်းတို့ရဲ့မတ်စေ့လေးကရော တန်ဖိုးရှိသေးရဲ့လား*

တန်းဖိုးသိမှ တန်ဖိုးရှိတယ်...

တန်ဖိုးရှိမှ တန်ဖိုးထားတတ်မယ်...

တန်ဖိုးရှိတဲ့ လူတော် လူကောင်း သူတော်ကောင်းတွေ ဖြစ်ကြပါစေ....

မူရင်းဆောင်းပါး---Chitthuco Coco
 

ကဗျာ

Monday, January 7, 2013
Posted by kyawmyolin
သစ်သီး မင်းသူ ဘ၀တူမို့ ကိုလင်းကပါ ၀င်ရရှာပြီ အက်မင်ခန့်လည်း ပညာကရှာ သင်ခစမို့ မှားမီမှားရာ မှားပါသော်လည်း အမှားတစ်ရာ အမှန်တစ်ခု ဖြစ်ခဲ့ပေ၏ ဒီတော့တစ်ခါ ၀င်ရပြန်ရာ တင်သမျှပိုစ့် သူ့များကောင်းဖို့ စုဆောင်းရာရာ တင်ဆက့်ပါမည် ကိုလင်းဆရာ မဟုတ်ရာတည်း :D
ဖြူစင်သန့်ရှင်း သူငယ်ချင်း
၁၅၀၀မကျ ၅၂၈မက
ချစ်ခြင်းမေတ္တာတွေနဲ့
ငယ်စဉ်ကလေးဘ၀ကနေ
သွားလာအတူ စားအတူနဲ့
ကမ္ဘာငယ်အတွင်း တို့တွေကြီးပြင်းခဲ့ကြတယ်

နာရီလက်တံ စက္ကန့်မလပ်
တချက်ချက်ရွေ့လျား မိနစ်နာရီကို
အချိန်များလည်း ရက်သို့ကူးပြောင်း
ကုန်ဆုံးလပေါင်း မနည်းတော့ပြီ

ကြီးပြင်းသက်ရွယ်မငယ်တော့ပြီမို့
တစ်နေ့တစ်ရက် အသက်ဆက်ဖို့
သမုဒ္ဒရာ ၀မ်းတစ်ထွာအတွက်
ဖွေရှာသက်သွင်း ရုန်းကန်းကြရင်း
ကမ္ဘာငယ်အတွင်း တို့ဝေးခဲ့ကြရတယ်

သူငယ်ချင်းရေ လက်ပြနှုတ်ဆက်ပြုံးနေရပေမဲ့
ဘ၀ပေးမလှ ငါ့ဘ၀ကြောင့်
ဝမ်းတွင်းကြေကွဲ ဆို့နင့်မှာသိလည်း
ငါနှုတ်ဆက်ခဲ့ရအုံးမယ်သူငယ်ချင်းတို့

အရှေ့သို့နေမ၀င်
အနောက်ကလည်းနေမထွက်သလို
ပြန်ဆုံမဲ့တစ်ရက်တော့ရှိခဲ့ရင်
ကမ္ဘာငယ်အတွင်းပြန်ဆုံချင်ပါသေးတယ်သူငယ်ချင်း~~~~
                                                                                                                              ပိုင်ရိုဆက်

Welcome to My Blog

Popular Post

Blogger templates

<<< မင်္ဂလာပါ သူငယ်ချင်းတို့>>>

ကျနော်တို့ရဲ့ We Are Friendship ဆိုဒ်လေးကို
Facebook ပေါ်မှအရင်းနီးဆုံးသော
ပြောမနာဆိုမနာသူငယ်ချင်းများစုစည်း၍
တည်ထောင်လိုက်လိုက်ပါတယ်
ဒီဘလော့ဆိုဒ်လေးအတွင်းမှာ
စုံစုံလင်လင်ဖေါ်ပြနိုင်ရေးအတွက်လည်း
ကျနော်တို့အားလုံးကြိုးစားနေကြပါတယ်
ကျနော်တို့ရဲ့ Facebook စာမျက်နှာသို့
သွားရောက်လည်ပတ်လို့ပါက
We Are Friendship ဆိုတာလေးကို ကလစ်လိုက်ပါ
ကျနော်တို့ဘလော့ဆိုဒ်လေးမှ
ကဗျာများကိုဖတ်ရင်း
ပျော်ရွှင်နိုင်ကြပါစေ
"We Are Friendship"
We Are Friendship

- Copyright © We Are Friendship -Robotic Notes- Powered by Blogger - Designed by Johanes Djogan -