Ubantu မြန်မာလိုခေါ်တော့ အဘန်တု (အူဘန်တု) အမည်ရ OS လေး ဖြစ် ပါတယ်။ ၂၀၀၄ ခုနှစ်ကတည်းက ပြုစုပြိုးထောင်ပေမယ့် ထင်သလောက် ခရီးမရောက်သေးတဲ့ OS ဖြစ်ပါတယ်။
ပြီးတော့ တောင်အာဖရိက ကုမ္မဏီတစ်ခုကလုပ်တာလည်း ဖြစ်ပါ တယ်။ ဖောင်ဒေးရှင်း
မခိုင်တာလား၊ Research မလုပ်နိုင်တာလားတော့ မသိဘူး။ Windows OS, Mac OS
တို့ကို မှီဖို့ဆိုတော တော်တော်လေး ကို ဝေးသွားပါတယ်။ ယခုတော့
ယင်းရာဇဝင်ကို ပြန်လည် ပယ်ဖျက်မှာ ဖြစ် ပါတယ်။ ယခု ရက်ပိုင်းမှာ
ကျင်းပတော့မယ် CES မှာ Ubantu OS ကို အသုံးပြုထားတဲ့ စမတ်ဖုန်းများကို
လက်တွေ့ ပြသမှာ ဖြစ်ပါတယ်။
ဒီတော့ စမတ်ဖုန်း ကုမ္မဏီများအနေနဲ့
Ubantu ကိုစိတ်ဝင်စားလာမယ့်လို့ ကုမ္မဏီ Canonical Ltd. ကတော့
ယုံကြည်နေပါတယ်။ Linux ကို Base လုပ်ပြီး ရေးတာချင်း တူတာတောင်
နောက်ကျကျန်နေရတဲ့ အကြောင်းကို အဖြေရှာပြိးလောက်ပြီလို့ ဆိုကြပါတယ်။ ပုံမှာ
မြင်တွေ့ရတဲ့အတိုင်း စမတ်ဖုန်း ဗားရှင်းကို လက်တွေ့ စမ်းသပ်ပြထားပါတယ်။
အားသာချက်ကတော့ ရှင်းလင်းတိကျပြီး လိုရင်း Targeted Point ကိုရောက်အောင်
ပို့ပေးနိုင်တယ်လို့ ဆိုပါတယ်။ Ubantu OS အသုံးပြုလို့ ရမယ့် စမတ်ဖုန်းဟာ
အနည်းဆုံး dual-core Cortex A9-type CPU, 1GB of RAM နဲ့ မျက်နှာပြင်
ကြည်လင်မှု 800x480px လောက်တော့ ထောက် ပံ့ နိုင်ဖို့ လိုပါတယ်။
သုံးလို့ကောင်းတာ မှန်ပေမယ့် OS တစ်ခုဖြစ်လာဖို့ ဆိုတာ လွယ်ပေမယ့်
ဈေးကွက်ထိုးဖောက်ဖို့ကျတော့ ရင်လေးစရာပဲ ဖြစ်ပါတယ်။ Android ရဲ့  Google
Playလိုမျိုး၊ Apple ရဲ့  iTunes လိုမျိုး Application စတိုး အကြီးကြီးတွေ
ဖွင့်နိုင်ရင်တော့ ဖြစ်လာနိုင်မယ်လို့ ဆိုကြပါတယ်။ သို့ပေမယ့်
အခက်အခဲများကို ရင်ဆိုင်လို့ Ubantu OS ကို ယခုရက်ပိုင်းမှာ
ထုတ်ဖော်ပြသတော့မှာဆိုတော့ စမတ်ဖုန်းကုမ္မဏီများ စိတ်ဝင်စားမှု ရှိမရှိက
စောင့်ကြည့်ရတော့မှာ ဖြစ်ကြောင်း နိုင်ငံတကာ သတင်းမီဒီယာ များက ဆိုကြပါတယ်။
--
Ref: pocketlint.
Aung Kham (TSJ team)
TechSpace Journal