Posted by : Päƚñģ ȽȺÿ
Sunday, January 6, 2013
မျက်ရည် ဆိုတာ
ခံစားချက်ရဲ့ သက်သေပါ
ဒါပေမယ့်
ကိုယ့်ရဲ့ ပါးပြင်ထက်က မကျတဲ့မျက်ရည်
ရင်ထဲမှာ ငိုကြွေးနေတာ
ပင်လယ်လို ကျယ်ပြန့်နေပြီ
မင်းပြောတဲ့
အချစ်ရဲ့ နောက်ဆုံးက
အမုန်းပဲလို့ သက်သေပြလိုက်တော့
ရှိုက်ငိုနေတဲ့ ငါ့ရဲ့အတွင်းစိတ်ကို
နောက်ဆုံးရဲ့ နောက်ဆုံးအဖြစ်
မင်းမြင်လှည့်ပါ ကောင်မလေး
ရငိခွင်မဲ့