အနီရောင် ၀ိုင်တစ်ခွက်က ဘ၀ပျက်စေသတဲ့လား
ဘကုန်းနဲ.၀လုံးကိုပေါင်းထားတဲ့ ဘ၀ကို
ခပ်တိုးတိုးရယ်ပြချင်တယ်
ကပွဲဝတ်စုံဝတ်ပြီးလှနေတဲ့ မိန်းမလှလေးလိုတော့
မာယာမများပါဘူးလေ
ညီမျှသလိုဖြစ်နေပေမယ့် မညီမျှတဲ့လောကကြီးက
ရိုးရိုးသားသားလေးမှားနေတာပါ
ရထားတောင်ထွက်ပေါ့လေ
အ၀ါရင့်ရောင်သန်းနေတဲ့ ဘူတာအိုလေးနဲ.
လက်ပြကျန်ခဲ့ရင်းတွေးမိတယ်
ဘူတာတွေတစ်ခုပြီးတစ်ခုဆိုက်တတ်တဲ့ရထား
ရထားတွေတစ်စင်းပြီးတစ်စင်းလက်ခံတတ်တဲ့ဘူတာ
ဒါပေမယ့်လဲ ရထား နဲ.ဘူတာဘယ်တော့မှမကွာရှင်းကြဘူး
ဘာလို.များလဲ
ဗီးနတ်ရဲ. လက်တစ်စုံကိုပြန်လိုချင်နေတာလား
ငါတော့မလိုချင်ဘူး အရှိကိုအရှိအတိုင်းလေးပဲကောင်းပါတယ်
လိုအပ်ချက်တွေများလာရင် ပျက်စီးတော့မယ်
မင်းမှာအရာရာကိုဖျက်ဆီးနိုင်တဲ့ နှတ်ခမ်းတစ်ခုရှိနေတာပဲ
ဘာကိုထပ်မျှော်လင့်တာလဲ
လေပြေကိုမျှော်လင့်ကြပေမယ့် မုန်တိုင်းဝင်လာတော့ခက်နေတယ်
ဘာတွေလဲ ဘာတွေလဲ ဘာတွေလဲ
မေးခွန်းတွေများနေတဲ့ဘဝ
ပြန်ရလာမယ့်အဖြေကို မ၀ံ့မရဲနဲ.စောင့်နေတတ်တဲ့ငါ
လက်ပြတာတောင် လှည့်မကြည့်တဲ့မင်း
ရိုးရိုးလေးပါပဲ