Posted by : LUM!73L4Y Tuesday, January 1, 2013


သေလုမျောပါးအလွမ်းတွေနဲ့

မီးခိုးကြွက်လျှောက်အတွေးတွေကြာ

အိပ်မရညတွေသာလှိုင်လှိုင်ထွန်းကားတယ်...။



အရိုးသားဆုံးဝန်ခံလိုက်မှ

အဆိုးရွားဆုံးခံစားရတဲ့အဖြစ်

ဘာတက်နိုင်ဦးမှာလဲ...

ငါက ဆပ်ပြာပူဖေါင်းကိုမှ

မိုးပျံပူဖေါင်းအဖြစ်နဲ့

တွဲလဲခိုစီးခဲ့မိသူတစ်ယောက်ဘဲလေ...။



နင်သိရဲ့လား ချစ်သူရယ်...

နင့်ရဲ့မျက်ဝန်းလဲ့ပြာပြာမှာ

ငါမရေးရသေးတဲ့ကဗျာတွေရှိတယ်...။



ခက်တော့လည်းအခက်သား...

ယမမင်းရဲ့ခွေးပုရပိုဒ်မှာမှ

ငါက...

နင့်အတွက်ကဗျာတွေချရေးချင်ခဲ့တာကိုးးး

တစ်ခုတော့မှာခဲ့ချင်တယ် ချစ်သူ

ငါသေရင်ငါ့အုပ်ဂူကို

ပန်းပေါင်းစုံခတဲ့မြေမှာမြှုပ်ပါ...

အဲ့ဒါဟာ နင့်ကိုသိပ်ချစ်ခဲ့တဲ့ငါ့နှလုံးသားက

အံချထွေးထုတ်လိုက်တဲ့ကဗျာတွေဖြစ်တယ်...။



မြောက်ပြန်လေတွေတိုက်ပြီချစ်သူ...

နှင်းစက်တို့ရဲ့ကကြိုးမှာ

ပန်းစံပယ်ဖြူတွေထုံထုံသင်းတုန်း

ငါ့နှလုံးသွေးနဲ့ယပ်တဲ့ နီရဲရဲကတ္တီပါစကို

နင့်ကိုယ်ပေါ်မှာဝတ်ရုံပါ...။



ရောမဘုရင်ကြီးဂျူးလိယပ်ဆီဇာလိုမျိုး

ချစ်သူကိုအင်ပါယာကြီးတစ်ခုလက်ဆောင်မပေးနိုင်ပေမယ့်

အရိုးပြိုင်းပြိုင်းကျနေတဲ့ငါ့ကဗျာတွေ

နင်နှလုံးသားနဲ့သာဖတ်တက်မယ်ဆို...

အဲ့ဒါဟာ နေမ၀င်အင်ပါယာတစ်ခုထပ်

တန်ဖိုးကြီးပါတယ်ချစ်သူ...။

စကားမဆက်.......

ချစ်သူရေ...

တကယ်တော့အချစ်ဆိုတာ

ကိုယ့်ကိုယ်ကိုယ်သက်သေတဲ့

အနူးညံ့ဆုံးနည်းတစ်ခုပါ...

နေမင်း က လမင်းကိုမပိုင်ဆိုင်နိုင်သလို

နောက်ဆုံးမှာအလွမ်းနဲ့ဆုံးမယ့်

တဖက်သက်ဇာတ်မှန်းသိလျှက်နဲ့

ကောင်းကင်ကိုထွန်ယပ်ပြီး

နင့်အတွက်...

ကြယ်တစ်ခင်းစိုက်ပျိုးခဲ့တယ်

မိုက်မဲတယ်လို့ပြောချင်လည်းပြောကြစေတော့...။

အိပ်မက်နဲ့မျှားတဲ့ချိတ်မှာ

မိခဲ့တဲ့ငါးတစ်ကောင်ရဲ့ခံစားချက

ပတ်ဝန်းကျင်ကမသိနိုင်ပါဘူး...။

အရှေ့မြို့ရိုးကိုဦးတည်သွားတဲ့

သင်းကွဲတစ်ကောင်ရဲ့တေးကြူးသီသံ

ငါ့နှလုံးသားကဖွဖွကြားခိုက်

လမ်းဘေးအုတ်ခုံပေါ်မှာအိပ်ငိုက်ကျန်ရစ်ခဲ့တဲ့

ငါ့ပျော်ရွှင်မှုတွေကို ငါသတိရတယ်...။

တကယ်တော့ ငါက

အဆိပ်မိနေသူပါကွယ်...

ဖြေဆေးမရသ၍တော့ ခံဦးပေါ့...

ဘုရာပေးတဲ့အကောင်းစားဝဋ်ကြွေးမှ

ငါ့မနက်ဖြန်တွေကိုမြှပ်နှံလိုက်ပြီ...

နင်ပျော်တယ်မလား...

ငါငိုရကျိုးနပ်ပါတယ်....ချစ်သူ...။ ။

Leave a Reply

Subscribe to Posts | Subscribe to Comments

Welcome to My Blog

Popular Post

Blogger templates

<<< မင်္ဂလာပါ သူငယ်ချင်းတို့>>>

ကျနော်တို့ရဲ့ We Are Friendship ဆိုဒ်လေးကို
Facebook ပေါ်မှအရင်းနီးဆုံးသော
ပြောမနာဆိုမနာသူငယ်ချင်းများစုစည်း၍
တည်ထောင်လိုက်လိုက်ပါတယ်
ဒီဘလော့ဆိုဒ်လေးအတွင်းမှာ
စုံစုံလင်လင်ဖေါ်ပြနိုင်ရေးအတွက်လည်း
ကျနော်တို့အားလုံးကြိုးစားနေကြပါတယ်
ကျနော်တို့ရဲ့ Facebook စာမျက်နှာသို့
သွားရောက်လည်ပတ်လို့ပါက
We Are Friendship ဆိုတာလေးကို ကလစ်လိုက်ပါ
ကျနော်တို့ဘလော့ဆိုဒ်လေးမှ
ကဗျာများကိုဖတ်ရင်း
ပျော်ရွှင်နိုင်ကြပါစေ
"We Are Friendship"
We Are Friendship

- Copyright © We Are Friendship -Robotic Notes- Powered by Blogger - Designed by Johanes Djogan -